ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော အောက်စုရွာမှကဝေညီအစ်မ

စာမူ…၁၅၁စဆုံးဒေါ်နော်ခမ်းသည် သူ၏ချည်လွယ်အိတ်ကြီးကိုလွယ်ကာ သောင်ထွန်းရွာထဲသို့ ခြေလှမ်းကျဲကြီးဖြင့်ဝင်ရောက်လာခဲ့သည်။“ဟော…အလည်လာတာလား”ဒေါ်နော်ခမ်းကို သောင်ထွန်းတစ်ရွာလုံးက သိနေကြပြီဖြစ်၍ လမ်း၌တွေ့သူတိုင်းလိုလိုကပင် ဒေါ်နော်ခမ်းကိုနှုတ်ဆက်ကြလေသည်။ဒေါ်နော်ခမ်းကတော့ပြုံး၍ပြလိုက်…ခေါင်းကိုညိတ်ပြလိုက်ဖြင့် ဆက်၍လျှောက်လာခဲ့သည်။ဘွားမယ်စိန်၏အိမ်ဆီသို့ ဒေါ်နော်ခမ်းတန်းမတ်စွာရောက်လာခဲ့သည်။“အမေကြီး…”ထိုသို့ခေါ်ပြီး ခြံဝိုင်းထဲသို့ဒေါ်နော်ခမ်းဝင်လာခဲ့၏။အိမ်၌လည်း ရှင်ညိုတစ်ယောက်ထဲသာရှိပေသည်။ရှင်ညိုသည် ကွပ်ပျစ်ခင်း၌ထိုင်ကာ ဓားတစ်လက်ဖြင့်ကြက်သွန်နီများကိုခွာယူနေခဲ့သည်။“နင်ဘယ်သူလဲ…အမေကြီးတို့ကရောဘယ်သွားတာလဲ”ဒေါ်နော်ခမ်းက ရှင်ညိုကို စိုက်ကြည့်၍မေးလေတော့ရှင်ညိုကလည်းဒေါ်နော်ခမ်းကိုကြည့်၍…“နေပါဦး…သူများခြံဝိုင်းထဲဝင်လာပြီးဘာတွေလာမေးနေတာလဲ…တော်ကရောဘယ်သူလဲ…”ဟု…ခပ်စွာစွာပင်ပြန်မေးလိုက်သည်။ဒေါ်နော်ခမ်းသည်ရှင်ညိုကိုစိုက်ကြည့်၍အကဲခတ်နေခဲ့သည်။“နင်ကလည်းသာမာန်လူမဟုတ်ပါလား…ပြောစမ်းကောင်မလေး…နင်ဘယ်သူလဲ”“တော်ကလည်း သမာန်လူမဟုတ်ပါဘူးကြီးတော်..ပြောစမ်းပါဦး သူများခြံဝိုင်းထဲကျုးကျုးကျော်ကျော်ဝင်လာတဲ့ကိစ္စကို….”ရှင်ညိုကလည်းဒေါ်နော်ခမ်းကိုနည်းနည်းလေးမှအကျောမခံဘဲ ပြန်ကာပြော၏။ဒေါ်နော်ခမ်းမှာရှင်ညိုကိုကြည့်၍ စိတ်ဆိုးရမလိုလို…ရယ်ရမလိုလိုဖြစ်နေရှာသည်။“ငါက …

Read More
ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော အောက်စုရွာမှကဝေညီအစ်မ